ခွင့်ပြုငွေကျပ် ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ တွင် သောက်သုံးရေ ဖူလုံစွာ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် တာ၀န်ရှိသူများတို့သည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း






