ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာတွင် တစ်ဖက်ပိတ်ဆည်တည်ဆောက်ရန်အတွက် မြေနေရာ ကွင်းဆင်း ကြည့်ရှု

ဒေသခံ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေအလုံအလောက်ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် တစ်ဖက်ပိတ်ဆည်တည်ဆောက်ရန် မြေနေရာကို စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်း၊ နောင်ကျောကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦးနှင့် ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ
ပုသိမ်စက်မှုဇုန်အတွင်းရှိ စက်ရုံ(၂)ရုံ မှ အလုပ်သမား (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် အထည်ချုပ်စက်ရုံ (၁၂) ရုံအား အောက်တိုဘာ ၇ ရက် အထိယာယီပိတ်သိမ်းသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် Quarantine Center သို့ ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လာရောက် တာဝန်ထမ်းဆောင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

စေတုတ္တရာမြို့နယ် မုန်းတမံရေပိုလွှဲသတ်မှတ်ရေအမှတ်ထက် (၁)ပေရေကျော်နေမှုအား ပြည်သူများသို့ အသိပေးနှိုးဆော်

ရန်ကုန်မှ သံတွဲသို့ လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ဝင်လာသူ(၇)ဦးအား   သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ လူနာတင်ယာဉ်ဖြင့် စက်တင်ဘာ(၂၃)ရက် နေ့တွင် လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ ဝင်ရောက်လာသူ(၇)ဦးအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ မှ စိစစ်တွေ့ရှိသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉/၃၀(က)ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်ကော်မတီ ထံမှသိရ
ပြင်ဦးလွင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်၁၉ ရောဂါပိုးတွေ့လူနာအား ကျန်းမာရေး‌ကောင်းမွန်သဖြင့်ဆေးရုံမှ ဆင်းခွင့်ပြုကြောင်းသိရ