ပခုက္ကူမြို့အဝင်/အထွက်ပေါက်လေးနေရာတွင် ဆေးရေးဂိတ်များဖွင့်လှစ်ပြီး  ခရီးသွားပြည်သူများ၏ ခရီးသွားရာဇဝင်နှင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အတွင်းသို့ ဝင်ရောက်သွားလာသည့် ပြည်သူများ၏ ခရီးသွားရာဇဝင်နှင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်အပါအဝင် မြို့အဝင်/ အထွက်ပေါက် လေးနေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး အရှိန်အဟုန်မပျက် ကြပ်မတ် ဆောင်ရွက်ကြကြောင်းသိရ
ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၂၇ ဧကခန့် ဖျက်ဆီး
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက် နံနက် ၇ နာရီက ဖယ်ခုံမြို့နယ်၊ ဘန်းမိုက်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ -----
မိုးကုတ်မြို့နယ်၌ မိုးရွာသွန်းပြီး မြေကမ်းပါယံပြိုကျပိမိ၍ နေအိမ် ၁ လုံးပြိုကျပြီး  အမျိုးသမီး ၁ ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ရွှေကူ(၁၉)ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြင့်ပေ ၂၀ဝ ခန့်မြေကမ်းပါးယံ ပြိုကျပိမိ၍ နေအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့ရာ ၎င်းနေအိမ်မှ ဒေါ်ရွှေမြိုင်(၆၃)နှစ်တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိ
ဖားကန့်မြို့နယ်၌ မိုးရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပွားမှုနှင့် မြေစာပြိုကျမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာပါ ၃ ရွာ၌ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက မိုးရွာသွန်းပြီး ရေကြီး/ ရေလျှံခြင်း၊ မြေစာပြိုကျခြင်းများ ဖြစ်ပွားသဖြင့် ---------