ပိုးတွေ့အတည်ပြုလူနာ Case (1155) တည်းခိုနေထိုင်ခဲ့သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မန်းသီတာဟော်တယ်ကို ယနေ့နံနက်ပိုင်းမှ စ၍ Lock Down ချထားကြောင်း မင်းဘူးခရိုင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။