လှိုင်းဘွဲမြို့နယ်တွင် “မိမိအခွင့်အရေးမဆုံးရှုံးစေဖို့ မဲစာရင်းကြည့်ကြစို့” နံရံကပ်စာစောင်များပြသ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်စေရန် မိမိအခွင့်အရေးအဆုံးရှုံးဖို့ မဲစာရင်းကြည့်ကြစို့ နံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြား
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အမေရိကန်ကြက်ခြေနီ(USAID)၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လေးမျက်နှာမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၀)နှင့် (၂/၂၀၂၀) ဖွင့်ပွဲကို
ကူမဲငါးလုပ်ငန်းစခန်း၌ ငါးမွေးတောင်သူများအား ငါးသားပေါက်များထောက်ပံ့
COVID-19 Economic Relief Plan- CERP ပါ Action Plan တွင် ပါရှိသည့် ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမွေးတောင်သူများအား ငါးသားပေါက်များ ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၃၁ ရက်က ကူမဲငါးလုပ်ငန်းစခန်း၌ ကျင်းပသည်။
ကျွန်းစုမြို့နယ်  မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာကော်မတီ ပြန်လည်ဖွဲ့စည်း
ကျွန်းစုမြို့နယ် မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာကော်မတီ ပြန်လည်တာဝန်ပေးအပ်ခြင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသည် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးကာ ဆင်းရဲမှုလျှော့ချနိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်လျှက် ကံမော်ကျေးရွာ မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရှိရာ သက်တမ်း(၃)နှစ်ပြည့်ပြီဖြစ်သဖြင့် ဒုတိယအကြိမ် ကျေးရွာကော်မတီ ပြန်လည်ရွေးချယ် တာဝန်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကံမော်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း ကျင်းပသည်။ 
ရွှေမင်းဝံဆရာတော်ကြီးက ရွှေဘိုမြို့ ခုတင် ၂၀ဝ ဆံ့ ဆေးရုံကြီးသို့ ကျောက်ကပ်သွေးသန့်စင်စက်၊ မီးစက်နှင့် ကွန်ကရစ်လမ်းအတွက် စုစုပေါင်းငွေကျပ်သိန်း  ၂၀၀ ကျော်  လာရောက်လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ခုတင် ၂၀၀ ဆံ့ဆေးရုံ၊ ကျောက်ကပ်ဆေးကုဆောင်ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီ က မဟာကမ္မဌာနစရိယ အဂ္ဂမာကမ္မဌာနစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရန်ကုန်မြို့ ရွှေမင်းဝံသာသနာ့ရိပ်သာများ၏ ဦးစီးပဓာန မဟာနာယက မဟာစည်ဩဝါဒါစရိယ ပြည်တွင်းပြည်ပ သာသနာပြု ရွှေမင်းဝံဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သောဘနက ကျောက်ကပ်ဝေဒနာရှင်များအတွက် ရည်ရွယ်၍