မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Covid-19 Economic Relief Plan(CERP) တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည် ထူထောင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ရေချိုငါး မွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနတွင် ကျင်းပသည်။








