တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းများ အချိန်ပြောင်းလဲထုတ်လွှင့်မည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့မှစပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့အထိ နေ့စဉ် နံနက်၆ နာရီမှစပြီး ရခိုင်၊ ရှမ်း၊ ‘ဝ’ ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင် ၊ ချင်း(လိုင်ဇိုး) ၊ ချင်း(ချိုး)၊ မွန်ဘာသာ အစီအစဉ်များကို ည ၂၃:၀၀ နာရီ အထိ ထုတ်လွှင့်လျက်ရှိသည်။
“ဖော”ငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် မိုးစပါးပေါင်စနစ်ဖြင့် ပျိုးထောင်နည်းလက်တွေ့ပြသပွဲများကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့နယ် ရွှေညောင်  မြို့မကျေးရွာအုပ်စု ကွမ်းဘုံ ကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းကြီးများအတွက် သဘာဝ မြေဩဇာထောက်ပံ့ပေးအပ်ခြင်း၊ “ဖော”ငမြောင်တောင် (FAW)ကာကွယ်နှိမ်နင်းရေး အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မိုးစပါး ပေါင်စနစ်(Raised Bed)ဖြင့် ပျိုးထောင်နည်း လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကွမ်းဘုံ ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီး ဂွေးကုန်း - ဝက်ချုပ် - နတ်မောက် ကျေးလက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေးခရိုင် ၊ နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့ကို ဆက်သွယ်သည့် ဂွေးကုန်း - ဝက်ချုပ် - နတ်မောက် ကျေးလက်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက   အဆိုပါ လမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင် GRADE 2 သင်ရိုးသစ်(စကောနှင့်ပိုး) ကရင်ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့နယ်  မရမ်းချောင်းကျေးရွာ ဘာရာသာရ်များ သင်တန်းကျောင်း ကက်သလစ်သာသနာခန်းမ၌  ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ပြုလုပ်ကျင်းပသော သင်တန်းအမှတ်စဉ်(၂/၂၀၂၀) GRADE .2 သင်ရိုးသစ် (စကောနှင့်ပိုး) ကရင်ဆရာဖြစ်သင်တန်းဆင်းပွဲကို ကျင်းပသည်။
ကမ်းခြေခရီးသွားလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းအစိုးရမှထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီဖွင့်လှစ်ရန်စီစဉ်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ပြန်လည်ဖွင့်လှစ်နိုင်ရေး ဇူလိုင် ၁၆ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့်  အစည်းဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် နတ်မောက်မြို့နယ် One State One Township Project လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်ကာ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တာဝန်ရှိသူများနှင့်အတူ   ဇူလိုင် ၁၈ ရက်  နံနက် ၉ နာရီက နတ်မောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ နတ်မောက်မြို့နယ် One State One Township Project အရ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။