ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံ

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထံသို့ လှူဒါန်းမှုများအား လက်ခံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ကြည့်ရှုစစ်ဆေး
 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေး၊ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ပံ့ပိုးကူညီရေးနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေး၊ ယာယီတိုက်ပွဲရှောင် စခန်းများတွင် ပံ့ပိုးကူညီရေးနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများပေးအပ်
ရခိုင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်း၌ စစ်တွေမြို့တွင် ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ရန်ကုန်တိုင်းဒေသကြီးရှိ ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနများသို့ သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညို
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနများသို့ သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာန၏ လုပ်ငန်းများ စစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ယနေ့ နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ) ရုံးအမှတ်(၁၉)၊ သီရိရတနာခမ်းမတွင် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ ဦးစီးအရာရှိ ရာထူးတိုးမြှင့်ရေးအတွက် ကျင်းပသည့် ရေးဖြေစာမေးပွဲဖြေဆိုနေမှုကိုကြည့်ရှုစစ်ဆေးသည်။