ကြံဈေးကောင်းရ၍ ကြံစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ကြံစိုက်တောင်သူများ ယခင်နှစ်ကထက် ကြံဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း
ပူတာအို၌ နွေရာသီအခြေခံအားကစားသင်တန်းကို အားကစားနည်း လေးမျိုးဖြင့် အခမဲ့ဖွင့်လှစ်မည်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းတွင် အားကစားနည်း လေးမျိုးအား မတ် ၁၆ ရက်မှ ၃၁ ရက်နေ့အထိ ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေဦးမြို့နယ်၌ အခမဲ့ အခြေခံပန်းချီနှင့် အင်္ဂလိပ်စကားပြော သင်တန်းဖွင့်
ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် အခြေခံပညာမူလတန်း အလယ်တန်းအဆင့် အခမဲ့အခြေခံပန်းချီနှင့် အင်္ဂလိပ်စကားပြော သင်တန်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့၏ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေရှားပါးပြတ်လပ်ပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂၀ ခန့်ရှိရာ အဆိုပါ ကျေးရွာများရှိ ဒေသခံကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေရှားပါးပြတ်လပ်မှုများ ကြုံတွေ့ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းထံမှ သိရသည်။ 
ထားဝယ်မြို့၌ ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းလုပ်ငန်း များနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပ
ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ မြန်မာ့ရွှေသမင်များ သောက်ရေပြတ်လပ်မှုမရှိစေရေး ရေဖြည့်တင်းမှုများဆောင်ရွက်
ပူပြင်းခြောက်သွေ့သော နွေဉီးကာလသို့ ရောက်ရှိလာသည့်အတွက် မင်းဘူးခရိုင်၊ ရွှေစက်တော်ဘေးမဲ့တောဧရိယာရှိ ရွှေသမင်များကျက်စားရာ နေရာများတွင် သောက်ရေပြတ်လပ်မှု မရှိစေရေး