ရွှေကူမြို့နယ် စည်ပင်သာယာရေးစျေးများတွင် ကိုဗစ်−၁၉ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဖွင့်လှစ်ရောင်းချရေး ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ် ရွှေကူမြို့နယ် စည်ပင်သာယာရေးစျေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသော ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရေးအတွက် ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက ဇွန် ၂၂ ရက်က မြို့နယ်စည်ပင်သာယာရေး စျေးများ၌ ကြည့်ရှုစစ်ဆေးခဲ့သည်။








