ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ဆွစ်ဇာလန်နိုင်ငံ သံရုံးတို့ ပူးပေါင်းကျင်းပသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပသည်။






