ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်း မကြာမီပြီးစီးတော့မည်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂ ရက်နေ့က စတင်ကာ မြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း ၁၅ ကွက်အား ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။