ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့လိုက်ပါလာသည့် အမျိုးသမီးငယ်တစ်ဦး လေယာဉ်ဆင်းသက်နေစဉ် နှလုံးရောဂါ ဖောက်ကာ သေဆုံးမှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆေးဝါးကုသမှုခံယူရန် လိုက်ပါလာသည့် မိန်းကလေးငယ်တစ်ဦးသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဆင်းသက်နေစဉ် နှလုံးရောဂါဖောက်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။







