မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်(၅)မျိုးပေးအပ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်(၅)မျိုး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော် ပျဉ်းမနားမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (စုပေါင်းရုံး)တွင် ကျင်းပသည်။
ပင်လောင်းမြို့နယ်၌ သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း
ကျေးရွာများတွင် နွေရာသီသောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ပူးပေါင်း၍ ရေလိုအပ်သည့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေများ သွားရောက်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကိုဗစ်-၁၉ ရောဂါကုသရေးဌာနတွင် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မည်

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ငါးသောင်း ပေးအပ်လှူဒါန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်း 
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Mask၊ PPE ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (MASK)၊ PPE ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။