ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၃၁၈၃)စု အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်များ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမည်
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကနြ် ရုံးပိတ်ရက်ရှည်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်များကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေး မည်ဖြစ်ကြောင်း (ကိုဗစ်-၁၉)ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။







