မြန်မာ-တရုတ်‌နယ်စပ်ဒေသ၊ နှစ်နိုင်ငံတာဝန်ရှိသူများ နယ်စပ်စီးပွားရေးပူးပေါင်း‌ ဆောင်ရွက်မှုဇုန်ဆိုင်ရာ အလွတ်သဘောတွေ့ဆုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်‌ နယ်စပ်ဒေသ၊ မူဆယ်မြို့နယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီ-ဂျယ်ဂေါင် နယ်စပ်ဒေသမှ နှစ်နိုင်ငံတာဝန်ရှိသူများ ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်(နန်းတော်ဂိတ်) ချစ်ကြည်ရေးစင်တာ၊ အစည်းအဝေးခန်းမ၌ နယ်စပ်စီးပွားရေးဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်မှုဇုံနှင့် ပတ်သက်ပြီး   မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့် ဦးဆောင်သည့် ဌာနဆိုင်ရာများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်(ခွဲ)၊ ပြည်သူ့အစိုးရ၊ ရွှေလီမြို့တော်ဝန် မစ္စတာရှန့်သဖုန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အလွတ်သဘောတွေ့ဆုံဆွေး‌ကြသည်။
ဒေးဒရဲမြို့၌ အိမ်ထောင်စု ၃၀ဝကို အခြေခံစားသောက်ကုန်များ ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ လပ်ကီး-၇ စားသောက်ဆိုင်မိသားစုမှ အမှတ်(၁)နှင့် အမှတ်(၃)ရပ်ကွက်များရှိ အိမ်ထောင်စု(၃၀ဝ)အား ယမန်နေ့ နံနက်ပိုင်းတွင် ဆန်၊ ဆီ၊ ကြက်သွန်နှင့် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ် ယာယီစောင့်ကြည့်ရေးစင်တာ၌ တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ (၈၉)ဦး ရောက်ရှိ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့၊ တရုတ်နိုင်ငံ နယ်စပ်ဝင်ပေါက်မှ ပြန်လည်ဝင်ရောက် လာသည့် နေရပ်ပြန်ပြည်သူ(၈၉)ဦးအား ကွမ်းလုံမြို့နယ် Facility Quarantine ကြိုတင်ဆောင်ရွက် ထားသည့် လူငယ်သင်တန်းကျောင်း(နတလ)၌ ယမန်နေ့ ည ၇ နာရီခွဲ က လွဲပြောင်းလက်ခံခဲ့ကြောင်း သိရ
စလင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၃၅၀ဝ စုအား ဆန်၊ဆီ၊ဆား၊ပဲနှင့် ကြက်သွန်နီများ အခမဲ့ဖြန့်ဝေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာတို့ကို ဧပြီလ ၁၀ ရက် နံနက် ၆ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း၌ ဖြန့်ဝေပေးခဲ့သည်။
မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ အထောက်အကူပြုဆက်စပ်ပစ္စည်းများ ပေးအပ်ထောက်ပံ့
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအတွက်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဝန်ကြီးဌာနအသီးသီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ကုသရေးအတွက် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရမှ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း (၆၆၀)ကျော်တန်ဖိုးရှိ အထောက်အကူပြုဆက်စပ်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တရုတ်-မြန်မာနယ်စပ်၊နန်းတော်ဂိတ်(ဂျယ်ဂေါင်ဘက်ခြမ်း)၌ ပေးအပ်
ငဖဲမြို့နယ်၌ မန်းချောင်းရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးစိုက်ဧက ၁၅၆၀ နှင့် နွေနှမ်း ၂၇၅ ဧက စိုက်ပျိုးရန် လျာထား
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မန်းချောင်းရေလှောင်တမံဆည်မှ ပေးလွှတ်သောရေဖြင့် နွေစပါးဧက ၁၅၆၀ နှင့် နွေနှမ်း ၂၇၅ ဧကကို မတ်လ ၁၆ ရက်နေ့မှစ၍ လျာထားစိုက်ပျိုးလျက်ရှိရာ နွေစပါးစိုက်ပျိုးမှု  ၂၁ ဒသမ ၅၄ ရာခိုင်နှုန်းနှင့် နွေနှမ်းစိုက်ပျိုးပြီးစီးမှု ၄၄၂ ဒသမ ၅၅ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်လင်းထွန်း  ထံမှ သိရသည်။
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ကူညီမှု (၅) မျိုး အခမဲ့ထောက်ပံ့ခြင်း ဧပြီ ၁၀ ရက်တွင် စတင်ဖြန့်ဖြူးမည်
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာနှင့် ကြက်သွန်နီ တစ်ပိဿာ စုစုပေါင်းထောက်ပံ့ကူညီမှု ၅ မျိုးစီကို