ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် သောင်တင်နေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူခဲ့
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား ၇ ဉီးကို ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများအား သင်္ကြန်ကာလအတွက် စားသောက်ကုန်(၁၃)မျိုး ထောက်ပံ့ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများအား သင်္ကြန်ကာလအတွက် အခြေခံစားသောက်ကုန်(၁၃)မျိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီက အဆိုပါ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အခြားအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ မြို့နယ်ပေါင်း (၁၃၂) မြို့နယ်တို့တွင် ကြက်ခြေနီ စေတနာ လုပ်အားရှင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အသင်းအဖွဲ့များနှင့်အတူ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှုအတွက် အကူအညီ အလွယ်တကူတောင်းခံနိုင်  
ရေရှားပါးပြတ်လပ်သော ကျေးရွာများမှ သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်၊ အလှူရှင်များမှ ရေလှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်တို့အတွက် Water Donation Myanmar App ကို အလွယ်တကူအသုံးပြု ဆောင်ရွက်နိုင်ပြီး ရေရှားပါးပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများအား water-donation.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။  
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသော သမ္မတရုံးဝန်ကြီးဌာန၊ သံကူကွန်ကရစ် (၃)ထပ်အဆောက်အအုံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
COVID-19 Fund မှ ပထမအသုတ်အဖြစ် လုပ်ငန်း ၈၈ ခုအား ချေးငွေထုတ်ယူခွင့်ပြု
Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက်