အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး ဟင်းသီးဟင်းရွက် မျိုးစေ့ပျိုးပင်များ ထောက်ပံ့ပေးအပ်
နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ မီးဖိုချောင်ကုန်ကျစရိတ် လျှော့ချနိုင်စေရန်၊ ဘေးကင်း၍ အာဟာရပြည့်ဝသည့် သီးနှံများကို အချိန်မရွေး လတ်လတ်ဆတ်ဆတ် ခူးဆွတ်စားသုံးနိုင်စေရန်၊ ပိုလျှံသည်များကို အိမ်နီးချင်းများနှင့် ဝေမျှစားသုံးနိုင်ခြင်းဖြင့် ကောင်းမွန်သည့် အသိုက်အဝန်း တစ်ခုဖန်တီးနိုင်ကြစေရန်တို့ကိုရည်ရွယ်၍ မိသားစု အိမ်ခြံဝန်းစိုက်ခင်းများ ပိုမိုဖွံ့ဖြိုးလာစေရန် မျိုးစေ့ပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် လှဖြူပြာ ၁ လမ်း၌ ကျင်းပသည်။







