ရခိုင်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေး

မောင်တောမြို့၌  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း နိုင်ငံတော်အစိုးရက .............
ကရင်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံ တော်အစိုးရ၏ပံ့ပိုးမှုဖြင့်  သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့  နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ တောရကျောင်းပရိယတ္တိစာသင်တိုက်တွင် ဆောင်ရွက်ခဲ့သည်။ 
ချင်းပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်(၅)မျိုးကို အိမ်အရောက်ထောက်ပံ့
ချင်းပြည်နယ်အတွင်း နေထိုင်လျက်ရှိသော   အိမ်ထောင်စုများအနက်  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း  ၂၃၅၈၇ စုအတွက် အခြေခံစားသောက်ကုန်(၅)မျိုးကို ယနေ့မှစ၍  ထောက်ပံ့ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အခြေခံစားသောက်ကုန်များလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့တို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာများနှင့် အခြားဘာသာရေးကျောင်းများသို့ လှူဒါန်းမည်ဖြစ်ရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ဧပြီ ၉ ရက် ညနေ ၄ နာရီ ၌ လှည်းကူးမြို့နယ်ဘုန်းတော်ကြီးကျောင်းများသို့ စတင်လှူဒါန်းခဲ့သည်။
ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၃၁၈၃)စု အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်များ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမည်
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကနြ် ရုံးပိတ်ရက်ရှည်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်များကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေး မည်ဖြစ်ကြောင်း (ကိုဗစ်-၁၉)ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) မှ ငွေကျပ် (၁၀) သိန်းလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ် (၁၀) သိန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)မှ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လှူဒါန်းပေးခဲ့
ဟိုပင်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် PPE ဝတ်စုံ ၄၅ စုံနှင့် အလှူငွေကျပ် ၁၅ သိန်းလှူဒါန်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အဆင့်ကြီးကြပ်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ကျင်းပခဲ့