ကန်ကြီးထောင့်မြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တာချီလိတ်မြို့ ဘုရင့်နောင်ဈေး ဆိုင်ခန်းငှားရမ်းခများကို လျှော့ချကောက်ခံပေးသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဘုရင့်နောင်ဈေးအတွင်းမှ ဆိုင်ခန်းခများကို ဈေးနှုန်းလျှော့ချကောက်ခံ သွားမည်ဖြစ်ကြောင်း ဘုရင့်နောင်ဈေးတာဝန်ခံရုံးမှ ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများလှူဒါန်း
ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက အဆိုပါဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန်အတွက် စောင့်ကြည့်ရမည့်သူများထားရှိမည့် ခန်းမဆောင်အား သန့်ရှင်းရေးဆောင်ရွက် 
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စောင်ကြည့်ရမည့်သူများ ထားရှိမည့်  အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်းရှိ ပေ ( ၁၂၀ × ၄၀ ) ခန်းမဆောင်၌ ယနေ့ နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြိတ်မြို့တွင် ပင်လယ်ပြင်မှ ပြန်လည်ဝင်ရောက်လာမည့် ငါးဖမ်းလှေ၊ ငါးသယ်လှေများမှ ရေလုပ်သားများအား ကျန်းမာရေးစစ်ဆေးသွားမည်
မြိတ်ခရိုင်၌ ပင်လယ်ပြင်ငါးဖမ်းကွက်များမှ ကမ်းသို့ပြန်လည်ဝင်ရောက်လာမည့် ငါးဖမ်းလှေများ၊ ငါးသယ်လှေများရှိ  ရေလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဦးစီးကော်မတီနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
မိုင်းဖြတ်၌ မီးဘေးသင့်ပြည်သူများအား စားသောက်ကုန်၊ အဝတ်ထည်နှင့် မီးဖိုချောင်းသုံးပစ္စည်းများလှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် မက်မွန်ကျယ်ကျေးရွာ၌ မီးဘေးသင့်အိမ်ထောင်စု ၁၈ စုအား စားသောက်ကုန်၊ အဝတ်အထည်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို ယနေ့ နံနက် ၁၀ နာရီခွဲက ထောက်ပံ့လှူဒါန်းခဲ့သည်။