ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေး လှည့်လည် ကြေညာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေးအတွက်  လှည့်လည်ကြေညာခြင်းနှင့် ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက မဲဇလီဒလကျေးရွာမှ စတင်၍ မဲဇလီအောက်စုကျေးရွာ၊ ညောင်စောက်ကျေးရွာ၊ အရွဲကျေးရွာနှင့် ရန်ကုန်- ညောင်တုန်း ကားလမ်းမတစ်လျှောက်တို့၌ ပြုလုပ်ခဲ့
မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးနှင့် ဆပ်ပြာရေဖျန်းခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ပြည်သူများနေထိုင်ရာ ရပ်ကွက်များအတွင်း လမ်းများအလိုက် ပိုးသတ်ဆေးများ ဖျန်းခြင်း နှင့် ဆပ်ပြာရည်များဖြင့် ဆေးကြောခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိ
မကွေးမြို့ပေါ်ရှိ အနှေးယာဉ်ဆိုက်ကားဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသော မိသားစုများအတွက်  ဆန်၊ ဆီ၊ ဆပ်ပြာနှင့် အလှူငွေများပေးအပ်လှူဒါန်း
မကွေးတိုင်းဒေသကြီး မကွေးမြို့ နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှစီစဉ်ကာ ပြည်သူမှပြည်သူ့ကို လှူဒါန်းရခြင်း အစီအစဉ်အဖြစ် မကွေးမြို့ပေါ်ရှိ အနှေးယာဉ်ဆိုက်ကားဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသော မိသားစုများအတွက် ဆန်၊ ဆီ၊ ဆပ်ပြာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့
ဖာပွန်မြို့ ခုတင်-၁၀ဝ ပြည်သူ့ဆေးရုံကြီးသို့ PPE ဝတ်စုံများ၊လက်သန့်ဆေးရည်များ၊နှာခေါင်းစည်း Mask များ၊ အပူချိန်တိုင်းစက်များ၊ ဆေးဖျန်းပုံးနှင့် အလှူငွေများ လာရောက်လှူဒါန်း
ကရင်ပြည်နယ် ဖာပွန်ခရိုင် ခုတင်(၁၀ဝ)ပြည်သူ့ဆေးရုံကြီးသို့ စေတနာရှင်၊ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရ
ဂန့်ဂေါမြို့နယ် ကျောမြို့တွင် အသွားအလာ ကန့်သတ်ထားသူများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်
ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ဂန့်ဂေါမြို့နယ် ကျောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ပြည်ပမှပြန်လာသူများ အသွားအလာကန့်သတ်ထားသူများ အသုံးပြုရန် ၁၅ ဦးစာအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများကို ကျောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဧပြီ ၂ ရက်က ပေးအပ်လှူဒါန်းသည်။
နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံး အထောက်အကူပစ္စည်းများ လာရောက်လှူဒါန်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Coronavirus Disease (ကိုဗစ်-၁၉)ရောဂါ ကြိုတင် ကာ ကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဦးတင်ထွန်း ၊ အတွင်းရေးမှူး ဦးနေလင်း၊ နေပြည်တော် ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်
မြောင်းမြမြို့တွင်  ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုမရှိရေးအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ  ရွေ့လျား မော်တော်ယာဉ်ဖြင့် အသိပညာပေး ဆောင်ရွက်
မြောင်းမြမြို့တွင်   Corona   Virus Disease-2019 (ကိုဗစ်-၁၉ ရောဂါ)  ကာကွယ်ထိန်းချုပ်ရေး အတွက် ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း  ရွေ့လျားမော်တော်ယာဉ်ဖြင့် ဧပြီ ၃ ရက် နံနက်ပိုင်းမှ စတင်ကာ  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရ