Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ ကျေးဇူးတင်လွှာပေးပို့
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဧပြီ ၃ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ ကျေးဇူးတင်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မည်ကို ပြည်သူများ စိုးရိမ်ပူပန်စရာမလို၊ ယခင်ဈေးနှုန်းထက် ဈေးလျှော့ရောင်းချပေးလျက်ရှိ
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မည်ကို ပြည်သူများစိုးရိမ် ပူပန်စရာမလိုကြောင်း၊ ယခင်ရောင်းချနေသည့် ဈေးနှုန်းထက် ဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အာဆီယံ + ၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ၏ Teleconference ဖြင့်ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံတို့မှ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ+၃ မက်ခရို စီးပွားရေးသုတေသနရုံးတို့မှ တာဝန်ရှိသူများပါဝင်သော
ပြည်သူများသို့ လျှပ်စစ်မီးပြတ်တောက်ခဲ့မှုအား အသိပေးပန်ကြားခြင်း
ယနေ့ ၁၃:၅၅ နာရီအချိန်ခန့်တွင် ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း ယာယီအပြစ်ဖြစ်၍ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေထားရှိသော နိုင်ငံတော်ဓာတ်အားစနစ်တစ်ခုလုံး (၃၅) မိနစ်ခန့် ဓာတ်အားပြတ်တောက်ခဲ့ပါသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည့် မှိုစိုက်ပျိုးရေးနှိုးဆော်ချက်
ပြည်သူများ မိမိတို့၏ အိမ်ခြံဝန်းအတွင်း အာဟာရပြည့်ဝ၍ အလွယ်တကူ စိုက်ပျိုးနိုင်သည့် မှိုသီးနှံ (ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှို)တို့ကို မြေနေရာသီးသန့်မလိုဘဲ အိမ်ခြံဝန်းအတွင်း၌ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးထုပ်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။