တနင်္သာရီတိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်း တိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံမှုရှိစေရေး ဆောင်ရွက်

တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲနှင့် မြိတ်မြို့နယ်၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်အားပေးခဲ့သည်။
သတင်းရေးသားနည်းသင်တန်း သန်လျင်၌ ဖွင့်လှစ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မှ ကြီးမှူးဖွင့်လှစ်သော သတင်းရေးသားနည်း သင်တန်းဖွင့်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ်(၁၁/၂၀၂၄) ဖွင့်ပွဲ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ်(၁၁/၂၀၂၄) ဖွင့်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
လားရှိုးတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ဘော်ဘီဘောပြိုင်ပွဲကျင်းပ
လားရှိုးတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက လားရှိုးတက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ်၌ ဖူးစားပြောင်း ၁၃၆၄ ဧက လျာထားစိုက်ပျိုး
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရာ ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ နွေစပါး(ရတနာတိုး)စပါးမျိုး စံကွက်ရိတ်သိမ်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ်ကျေးရွာအုပ်စု၊ စိုင်ဂေါင်းကျေးရွာ တောင်သူဦးမြင့်လှိုင်၏ ကွင်းအမှတ်(၆၄၁) လယ်မြေတွင် နွေစပါး(ရတနာတိုး) စပါးမျိုး ၂ ဧကခွဲတွင် ဇွန် ၁၀ ရက် နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း အစိုတင်း ၁၂၂ ဒသမ ၈၂ တင်းထွက်ရှိကြောင်း သိရသည်။
စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်၌ PPTT အမှတ်စဉ်(၁၁/ ၂၀၂၄) ကြိုဆိုပွဲကျင်းပ
စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၁/ ၂၀၂၄) ကျောင်းသား ကျောင်းသူများအား ကြိုဆိုပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက အမှာစကား ပြောကြားခဲ့သည်။