နေ့စဉ်ရွှေဆိုင်များ ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်း ဖြင့်ရောင်းချခြင်းများကို ဆောင်ရွက်ရန် YGEA အသိပေး

ရန်ကုန် ဇွန် ၅

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပွဲအခမ်းအနား တက်ရောက်
သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာရှိ မယ်လှတောင်ကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ပွင့်ဖြူမြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ဇွန် ၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၄ ရက်က ပင်လယ်ဆိပ်ကမ်းအနီး ဘလောက်ညောင်ဝိုင်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ စားအုန်းဆီများအား ချိုသာသောစျေးနှုန်းဖြင့် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍  စားအုန်းဆီများကို ချိုသာသောစျေးနှုန်းဖြင့် ဇွန် ၄ ရက် နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။