၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် နေမျိုးသူရလမ်းရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။