မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လာရောက်လည်ပတ်ရန်အတွက် ဇန်နဝါရီ ၁၅ ရက်နေ့ တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရောက်ရှိလာသော အီတလီနိုင်ငံ၊ Veneto ဒေသမှ အဖွဲ့ဝင် (၄) ဉီး ပါဝင်သည့် စက်ဘီးစီးအဖွဲ့သည် ၄င်းတို့၏ခရီးစဉ်အတိုင်း ဇန်နဝါရီ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိရာ အဆိုပါအဖွဲ့ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ (တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ သွားရောက် ကြိုဆိုနှုတ်ဆက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့