မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် အလျား ပေ ၁၀ဝ ၊ အနံ ပေ ၃၀ ကျောင်းဆောင်သစ် အဆောက်အအုံဖွင့်ပွဲကို ဇန်နဝါရီ ၂၄ ရက် ၊ နံနက် ၉ နာရီက အဆိုပါ ကျေးရွာ(အ.ထ.က)ကျောင်း၌ ကျင်းပရာ ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးတာ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒေါ်ခင်သန်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ကျောင်းအကျိုးတော်ဆောင် ဦးခင်မောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။