ဒေးဒရဲမြို့ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား စာအုပ်များလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း (NFPE) ၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စောင်များ လှူဒါန်းပေးအပ်ခြင်းကို မွန်းတည့် ၁၂ နာရီက အခြေခံပညာမူလတန်း(ရုံးကြီး)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။







