ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ လှည်းဆိပ်ကျေးရွာအုပ်စု၊ စစ်ကုန်းချောင်းသစ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က နိုင်ငံတော်အစိုးရနှင့် သီးခြားအလှူရှင်များ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်၌ ကျေးရွာ ၄၃ ရွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မည့် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်သွားမည်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ကျေးရွာ ၄၃ ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်မည့် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း  မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကျင်းပမည် 
မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ နေပြည်တော် ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းစိုက်ကွင်း၌ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။ 
တီဘီသံသယလူနာများအား  ရွေ့လျားအဖွဲ့ဖြင့်  ကွင်းဆင်းရှာဖွေ ကုသပေးနေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တီဘီရောဂါ သံသယရှိသူများကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားတီဘီရောဂါ ရှာဖွေရေးအဖွဲ့က ဇန်နဝါရီ ၁၉ ရက်မှစ၍ ကွင်းဆင်းရှာဖွေကုသပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်ထိ သံသယရှိလူနာ ရာနှင့်ချီ၍ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်း လုပ်ကိုင်သူများပြားသော်လည်း (FDA) ၏ ထောက်ခံချက်ရယူ လုပ်ကိုင်သူနည်းနေသေးဟုဆို
ဆီစက်လုပ်ငန်းလုပ်ကိုင်သူများပြားလျက်ရှိသော်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ အစားအသောက်ဘေးကင်းလုံခြုံရေးထောက်ခံချက်ကို ရယူလုပ်ကိုင်သူနည်းပါးနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းလင်းအောင်ထံမှ သိရသည်။
တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း 
၂၀၂၀ ပြည့်နှစ် တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက မန္တလေးချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလး)အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
လင်္ကာရစာမေးပွဲဖြေဆိုရန် ရန်ကုန်မြို့မှ စစ်တွေမြို့သို့သွားရောက်မည့် သံဃာတော်များအား  ကျောက်ဖြူမြို့ရှိ စေတနာရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ရက္ခပူရသာသနာလင်္ကာရအသင်း(ခွဲ)မှ ဦးဆောင်၍ လင်္ကရစာမေးပွဲဖြေဆိုရန် ရန်ကုန်မြို့မှ စစ်တွေမြို့သို့သွားရောက်မည့် စာဖြေသံဃာတော် အပါး(၄၈၀)ကျော်တို့သည် ကျောက်ဖြူမြို့တွင် ခေတ္တရပ်နားစဉ် ကျောက်ဖြူမြို့ရှိစေတနာရှင်များက ယနေ့၊နံနက် ၁၁ နာရီခွဲအချိန်တွင် မုန့်တီဆွမ်းနှင့် နေ့လည်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။