မိုးစပါးအပြီး မြေအောက်ရေဖြင့် ပဲတီစိမ်းသီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ်(၄၉၅)၊ ဦးပိုင်(၁၁)၊ တောင်သူဦးမင်းနိုင်၏ လယ်မြေ(၁၀)ဧကတွင် ယနေ့နံနက် ၈ နာရီက မိုးစပါးအပြီး မြေအောက်ရေဖြင့် ပဲတီစိမ်းသီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။






