မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရစ်ပ် ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ အဝင်/အထွက် ဂိတ်များဖြစ်ကြသည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်တို့မှ ဝင်ထွက်သွားလာသည့် ပြည်သူများကို ကိုရိုနာဗိုင်းရစ်ပ် ကြိုတင်ကာကွယ်နိုင်ရန် ယနေ့ နံနက် ၁၀ နာရီက မူဆယ်မြို့၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးသည်။






