ပုလောမြို့နယ်၌ လယ်ယာစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်တွေဆုံ

လယ်ယာစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟားခါး၌ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ကျွေးမှု အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း အသိပညာပေးဆွေးနွေး
ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးမှုအစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးသို့ ပြည်ပခရီးသွား ၆၈၀ဝ၀ဝ ကျော်ဝင်ရောက်ခဲ့
၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၄ ဒသမ ၄ သန်း ဝင်ရောက်သည့်အနက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ၆၈၀ဝ၀ဝ ကျော်ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရ
စေတုတ္တရာမြို့နယ်တွင် အားကစားဆိုင်ရာသိကောင်းစရာများဟောပြောပွဲနှင့် Myanmar Fitness Dance အက ပညာပေး သရုပ်ပြဆောင်ရွက်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍  အားကစားဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲနှင့် Myanmar Fitness Dance အကများဖြင့် ပညာပေးသရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 
မိုးကုတ်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပတ္တမြားဈေးနှင့် နီလာဈေးတို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့
ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ စစ်ဆေးခြင်းများဆောင်ရွက်
မြန်မာ-တရုတ် နယ်စပ်ဂိတ် ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ နှစ်နိုင်ငံအကြား ဝင်ထွက်သွားလာသူများအား စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
ဆင်ဖြူကျွန်းမြို့ ရွှေကျွန်းဆည်းဆာ ဂိလာနအဘိုးအဘွားစောင့်ရှောက်ရေးဂေဟာ မကြာမီဖွင့်လှစ်မည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့တွင် တည်ဆောက်လျှက်ရှိသော ရွှေကျွန်းဆည်းဆာ ဂိလာန အဘိုးအဘွားစောင့်ရှောက်ရေးဂေဟာ အဆောက်အဉီ ဆောက်လုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ မကြာမီဖွင့်လှစ်၍ ဒေသတွင်းရှိ ခိုကိုးရာမဲ့ ဂိလာန အဘိုးအဘွားများအား ပြုစုစောင့်ရှောက်မှုပေးသွားမည် ဖြစ်ကြောင်း ဂိလာနအဘိုးအဘွား စောင့်ရှာက်ရေးဂေဟာ ပေါ်ပေါက်လာရေး စတင်တည်ထောင်သူ ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာကျော်ထက်အောင်ထံမှ သိရ