ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း ထိုးပေးခြင်းများတွင် ထည့်သွင်း ထိုးပေးသွားမည်ဖြစ်

ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမားရး ဦးစီးဌာနမှ အများပြည်သူများသို့ ပုံမှန်ကာကွယ်ဆေး တိုက်ခြင်း၊ ကာကွယ်ဆေးများ ထိုးပေးရာတွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးများပါ တစ်ပါတည်း ထည့်သွင်း တိုက်ကျွေးပေး သွားမည်ဖြစ်ကြောင်း သိရှိရ
ဒီးမော့ဆိုမြို့နယ်တွင်  သီးနှံစိုက်ခင်းများ အထွက်နှုန်းတိုးစေရန်အတွက် ပျားများဖြင့် ဝတ်မှုန်ကူးဆောင်ရွက်လျက်ရှိ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တောင်သူများစိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ အထွက်နှုန်းတိုးပွားလာ စေရန်အတွက် မြို့နယ်ပျားလုပ်ငန်းဌာနမှ ပျားအုံများချထားပြီး ပျားများဖြင့် ဝတ်မှုန်ကူး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ တောင်သူများ ဓာတုကင်းလွတ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်းပညာပေး
တောင်သူများ ဘေးကင်းလုံခြုံသောသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်းပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် ရွာသာကျေးရွာအုပ်စုရှိ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်လှစ်ပို့ချ
မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေ
မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဆည်မှ ယနေ့ နံနက် ၆ နာရီမှစ၍ မင်းဘူး(စကု)မြို့နယ် အိုင်းမ ရေလွှဲဆည်သို့ ဆည်ရေများ စတင်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်ရှိ ကျေးရွာငါးရွာ၌ ရေရရှိ‌ရေးဆိုင်ရာ အချက်အလက်များကောက်ယူ
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဆည်ကန်၊ အုန်းတော၊ မြောင်းခြား၊ လေးရွာ၊ သစ်ခွင်ကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ရေရရှိ‌ရေးဆိုင်ရာ အချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး မြေသားရေကန်တူးဖော်
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ပင်္ဂကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေရှားပါးမှု မရှိစေရေးအတွက် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။