ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး 2019 Novel Coronavirus ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်
2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ ကျင်းပသည်။




