ကျိုင်းတုံမြို့၌ သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် အခမဲ့ မျက်စိခွဲစိတ်ကုသပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မျက်စိဝေဒနာရှင်ပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသမှုများကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပမှ မျက်စိအထူးကုဆရာဝန်ကြီးများက ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၃ ရက်အထိ ကျိုင်းတုံမြို့ အမှတ်(၃) တပ်မတော်ဆေးရုံ ခုတင်(၃၀၀)၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။







