တန့်ဆည်မြို့၌ သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် စားသုံးသူများ ဘေးကင်း လုံခြုံစွာ စားသောက် သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍ တန့်ဆည်မြို့ အမှတ်(၁)စည်ပင်သာယာဈေး နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော သက်တမ်းလွန် အစားအစာများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရ








