ဒုတိယဝန်ကြီး ဦးလှကျော် မဲခေါင် - လန်ချန်း ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်မွေးမြူရေးသင်တန်း ဖွင့်ပွဲတက်ရောက်

မဲခေါင် - လန်ချန်း ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်မွေးမြူရေး Animal Husbandry သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယအကြိမ်မြောက် နောင်ရိုးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် နောင်ရိုးနည်းပညာများ ကုမ္ပဏီမှ အဓိကကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ်မြောက် နောင်ရိုးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၁၀ဝ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village  Development  Plan) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ
AIA Myanmar အသက်အာမခံကုမ္ပဏီနှင့် AYA ဘဏ်တို့ပူးပေါင်း၍ Myanmar National League (MNL) အား ကူညီပံ့ပိုးမည့် လက်မှတ်ရေးထိုးပွဲကျင်းပ
ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စိတ်တစ်ဒေသ အထောက်အပံ့ဖြစ်စေမည့် အစီအစဉ် တစ်ရပ်ဖြစ်သော Myanmar National League (MNL) အား AIA Myanmar အသက်အာမခံကုမ္ပဏီနှင့် AYA Financial Group တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Junction City Office Tower တွင် MNL အား ကူညီပံ့ပိုးမည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး
ကလေးစာပေပွဲတော် (ဒေးဒရဲ) ပိတ်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေး စာပေပွဲတော် (ဒေးဒရဲ) ကို တိုင်းဒေသကြီးအတွင်း (၁၁)ကြိမ်မြောက်အဖြစ် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အ.ထ.က(၁) ကျောင်းတွင် ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက် (၂)ရက်တာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ပြီး ယနေ့ မွန်းလွဲ ၂ နာရီတွင် ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့
ဗန်းမော်-စီဟဲ ၅ မိုင်တံတား ပြင်ဆင်မည်
ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မန္တလေး-ရွှေကူ-ဗန်းမော် ကားလမ်ပေါ်ရှိ ဗန်းမော်မြို့နယ် စီဟဲကျေးရွာ ၅ မိုင်တံတားကို ပြင်ဆင်တည်ဆောက်မည်ဖြစ်ကြောင်း သိရ