မုံရွာမြို့ ဗိုလ်ချုပ်လမ်းတစ်လျောက်နှင့် အဝိုင်းပတ်နေရာများတွင် လမ်းလယ်ဓာတ်တိုင်စိုက်ထူခြင်း လုပ်ငန်းများ လုပ်ဆောင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် အဝိုင်းပတ်နေရာများကို အပိုင်း (၃)ပိုင်းခွဲပြီး လမ်းလယ်ဓာတ်တိုင် စိုက်ထူခြင်းများနှင့် မီးအလှဆင်ခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
(၅) ကြိမ်မြောက် ယောဂနေ့ အခမ်းအနား စစ်တွေမြို့၌ ကျင်းပ
ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့  အထိမ်းအမှတ်အခမ်းအနားကို အိန္ဒိယကောင်စစ်ဝန်ရုံး (စစ်တွေ) မှ ကြီးမှူး၍ စစ်တွေမြို့ စစ်တွေဆိပ်ကမ်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဝက်လက်မြို့နယ်တွင် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ကျေးရွာအရောက်ပေးအပ်
ဇွန် ၂၂ ရက် နံနက်ပိုင်းက စစ်ကိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာ အုပ်စုတွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွားများ ၅၀ ဦး ကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း သာမန်အဆင့် (၁/၂၀၁၉) သင်တန်းဖွင့်လှစ်
မြိတ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား လူမှုကရုဏာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်များကို နားလည်တတ်မြောက်စေရန်နှင့် တက္ကသိုလ်ကိုယ်စားပြု ထူးချွန်ကြက်ခြေနီလူငယ် မောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြိတ်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း သာမန်အဆင့် သင်တန်းကို ယနေ့ နံနက်(၉)နာရီက မြိတ်တက္ကသိုလ် သီရေတာ အဆောင်(၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
၂၀၁၉ ခုနှစ် ဇွန် ၂၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့မဈေးရှေ့၌ ကျင်းပသည်။
ထိုင်းနိုင်ငံ တွင်ကျင်းပပြုလုပ်သည့် Outstanding ASEAN Women Entrepreneur Award 2019 ဆုပေးပွဲတွင် မန္တလေးမြို့မှ အမျိုးသမီး ၅ ဦး ဆုရရှိ
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Outstanding ASEAN Women Entrepreneur Award 2019 ဆုပေးပွဲတွင် မန္တလေးမြို့မှ အမျိုးသမီး ၅ ဦး ဆုရရှိခဲ့ကြောင်း သိရသည်။ 
တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်ပနိုင်ရေး တတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။