ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ဟိုပုံးမြို့နယ်အတွင်း နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ အထင်ကရနေရာဖြစ်သော သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော် ဘုရားကြီး၏ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်မှ ၈ ရက်ထိ (နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်ထိ ) ၅ ရက်တိုင်တိုင် သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့ပွဲခင်း ကျင်းပရာ မြေကွက်ပေါ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ





