တာချီလိတ်မြို့တွင် မှုခင်းကျဆင်းရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်( အရှေ့ပိုင်း)  တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်ရှိ မြို့နယ် ဓမ္မာရုံ၌ နိုဝင်ဘာ ၁၂ ရက် မနက် ၁၀ နာရီတွင် တာချီလိတ် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ မှုခင်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရ
ဖလမ်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပ
ဖလမ်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦဖွင့်ပွဲကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက အဆိုပါရုံး၌ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်၈နာရီက ရွှေဘိုမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရ
နော်ဘူဘောဆုတောင်းတောင်၌ တန်ဆောင်တိုင်ရုံးပိက်ရက်များတွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိ

ပင်လည်ဘူးမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက်သူများဖြင့်စည်ကား
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် (တတိယ အကြိမ်)မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီက မြို့ပေါ် ရပ်ကွက်များ တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရ
 (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်  ၊ ပုလဲမြို့၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ  ၊ မြို့နယ် ပညာရေးမှူးရုံး၊မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍    (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို  စာဖတ်ရှိန် မြှင့်တင်ရေး  ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရ
ပွင့်ဖြူမြို့နယ်၌ ကပ်ကြီး (၃) ပါးရန်အပေါင်းမှ ကင်းဝေးစေရေး ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး ၃၀ဝ၀ မီးမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ