ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်နှင့် မြို့နယ်(၇)မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၆၀၃၉ ဧက စိုက်ပျိုးရန် လျာထားရာ တောင်သူအများစုမှာ မေလကုန် ဇွန်လဆန်းခန့်မှ လယ်ယာလုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြပြီး အောက်တိုဘာလကုန်ထိ ရာသီဥတုအခြေအနေကိုလိုက်၍ မိုးစပါးကို စိုက်ပျိုးသွားကြမည် ဖြစ်ကြောင်း သိရသည်။