ကျောင်းဖွင့်ချိန်အမီ ဘတ္ထရီစက်ဘီးများ စျေးကွက်အတွင်း အရောင်းတွင်ကျယ်လာ

ရန်ကုန်၊ မေ ၁၅

မြစ်ကြီးနားမြို့ မြန်မာနိုင်ငံ လီဆူဓမ္မကောလိပ်ကျောင်း၌ ယာယီတိမ်းရှောင်လာသော ပြည်သူများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လတ်တလော နယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်ကြောင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသော ပြည်သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် မိုးမကျမီ အမိုး/အကာဖြင့် လုံခြုံစွာ နေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံ လီဆူဓမ္မကောလိပ်ကျောင်း ဝတ်ပြုဆောင်၌ သွားရောက်တွေ့ဆုံ အားပေးသည်။
စစ်တွေမြို့ပေါ်ရှိ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စစ်တွေမြို့ပေါ်ရှိ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်းပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်၌ ကျင်းပရာ သံဃာတော် အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ပညာရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနှင့် တိုင်းရင်းသားပြည်သူများ ၂၀၂၄ ခုနှစ် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အသိပေးကြေညာချက်