နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အလင်းစီမံချက်ဖြင့် မျက်စိဝေဒနာရှင်များ အခမဲ့မျက်စိခွဲစိတ်ကုသ ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူဆေးရုံကြီး (ခုတင်-၃၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး(ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ နေပြည်တော် အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အခမဲ့ မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် လောကတက္ကသိုလ်စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအားတွေ့ဆုံ၊ ကျောက်ကပ်ဆေးကုသမှု ခံယူနေသည့် လူနာများအား တွေ့ဆုံအားပေး
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ သီရီရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် တည်ဆောက်ထားရှိမှု အခြေအနေများအား ကြည့်ရှုပြီး စာကြည့်တိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အသိပေးကြေညာချက်
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ

၁၄-၅-၂၀၂၄

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊  ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆွေးနွေး

ရန်ကုန်၊ မေ ၁၃

နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲများတွင် ဓာတုအဆိပ်သင့်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ