အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း ကျင်းပ

 

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် စက္ကူစက်ရုံ(ရေနီ) ကြည့်ရှုစစ်ဆေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဓာတ်အားခွဲရုံးသစ်များ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး(၁/၀)မိုင်တွင် အသစ်တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းအပ်နှံရေးတို့အတွက် ဆောင်ရွက်ထားရှိမှုမျာအား ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ ဉာဏ်အလင်းစာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ နေ့စဉ်ထုတ် သတင်းစာများထားရှိရေး၊ သုတရသစာအုပ် စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ‌စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းပွဲ အခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ‌ဒေါ်မြင့်မြင့်အောင်တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုံရွာမြို့နယ် စာရေးဆရာအသင်းနှင့် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr.Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr.Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။