မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌမှ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာကိုရီးယား သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် (၁၁:ဝ၀)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။