အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း ကျင်းပ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးများ၊ CPU အဖွဲ့ဝင်များနှင့် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ် အမ်းမြို့သို့ ကုန်စည်ပို့ဆောင်ပေးခဲ့သည့် ကုန်တင်ယာဉ်များ အောင်မြင်စွာ ပြန်လည်ရောက်ရှိ၍ ယာဉ်နှင့်ယာဉ်မောင်းများအား ကြိုဆိုဂုဏ်ပြု 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ ကုန်စည်ပို့ဆောင်ပေးခဲ့သည့် ကုန်တင်ယာဉ်များ အောင်မြင်စွာ ပြန်လည်ရောက်ရှိ၍ .................
မုဒုံမြို့၌ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်နိုင်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် သင်ကြားပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် လေဘေးဒဏ်သင့် သမိုင်းဝင်‌မွေတော်ကက္ကူဘုရား အရံစေတီ ၆ ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် အလှူငွေများလှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် မေ ၂ ရက်ညက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထီးတော်မြေခခြင်းဖြစ်ပွားခဲ့သည့် မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီ ၆ ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးသင်တန်း ဆက်လက်သင်ကြားပေးလျက်ရှိ
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး ပညာရည်မြင့်မားပြီး အရေး၊ အဖတ်၊ အတွက်၊ အချက် တတ်ကျွမ်းစေရန်၊ စာမတတ်သူပပျောက်ရေး၊ ရပ်ရွာအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် စာမသင်ကြားခဲ့ရသူများအား ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရန် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်ကိုင်းမြို့တွင်လည်း ယနေ့အချိန်ထိ ဆက်လက်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။