၂၀၂၄ ခုနှစ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၈၃)နှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၁၉၄)ဦးရှိ

နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများကို အထူးအစီအစဉ် တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေလျက်ရှိသည်။
သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်း အချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။
မိုးညှင်းမြို့၌ လေးဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၃၇)စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မေ ၂ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးများကြွေကျခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ကျေးရွာများမှ အိမ်ထောင်စု (၁၃၇)စု၏ လူနေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၁၀ နာရီက ပင်းဟဲကျေးရွာတွင် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို တာဝန်ရှိသူများမှ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်ထုတ်ဝေ
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲ စာအုပ်များပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ပြဋ္ဌာန်းခဲ့သော ဥပဒေများကိုစုစည်း၍ နှစ်အလိုက် ဥပဒေစာအုပ်များထုတ်ဝေခဲ့ပြီး ယခုအခါ ၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီသောက်သုံးရေ အခက်ခဲရှိသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း

ကျွန်းလှမြို့နယ်၌ ရုံးမတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေ

ကျွန်းလှ မေ ၇

မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း မေ ၇