မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ပွဲတော်၌ နယ်စပ်ဖြတ်ကျော် တောင်တက်စက်ဘီးပြိုင်ပွဲကျင်းပချိန်တွင် မူဆယ်မြို့တွင်း ကားလမ်းများ အချိန်ပိုင်းခေတ္တပိတ်ထားမည်

(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံချစ်ကြည်ရေးပွဲတော်ကျင်းပမည့်  အောက်တိုဘာ ၂ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးတောင်တက်စက်ဘီးပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၂ ရက်နေ့ နံနက် ၆ နာရီအချိန်မှ နံနက် ၉ နာရီအချိန်ထိ မူဆယ်မြို့တွင်းရှိ ကားလမ်းတစ်ချို့ အချိန်ပိုင်းခေတ္တပိတ်ထားမည်ဟု သိရသည်။
ကြာအင်းကျေးရွာအလကကျောင်းရှိ ကျောင်းသားကျောင်းသူ ၅၈၃ ဦးအား အာဟာရဖြစ်နို့နှင့် ကြက်ဥများတိုက်ကျွေး
အာဟာရဖြစ်တိုက်ကျွေးခြင်းတွင် ကလေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်ဝင်းက အမှာစကားပြောကြားပြီးကလေးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးဒေါက်တာမှိန်းထန်းဇီးက နွားနို့သောက်သုံးခြင်း၏အကျိုးကျေးဇူးများ၊ အစာအာဟာရ များမျှတစွာစားသုံးခြင်း၊ ကျောင်းပြင်ပစာအုပ်စာပေများလေ့လာ ဖတ်ကြားရေးနှင့် ကာယအားကစားလေ့ကျင့်ရေးများလိုက်စားကြရန်တို့ကို အသိပညာပေးဟောပြောသည်။
အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော အရက်၊စီးကရက်၊ဝိုင်အမျိုးမျိုး၊ တရားမဝင်တင်သွင်းထားသည့် ဘီယာအမျိုးမျိုးတို့အား ရှာဖွေသိမ်းဆည်း အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးထား

မြန်မာအမြဲတမ်းကိုယ်စားလှယ်က အီးယူနှင့် အိုအိုင်စီမှ ပူးတွဲတင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ပယ်ချ

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီတတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အောင်ဆန်း” ရုပ်ရှင် ရိုက်ကူး၊ ထုတ်လုပ်၊ ပြသနိုင်ရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဇနီးနှင့်မိသားစုဝင်များက အလှူငွေ ပေးအပ်လှူဒါန်း
“အောင်ဆန်း” ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ပြသနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦညီပု၊ ဇနီးဒေါ်ဝင်းကြည်နှင့်မိသားစုသည် ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့ ကမ္ဘောဇရိပ်သာ၌ အလှူငွေပေးအပ်လှူဒါန်းသည်။
ဗီယက်နမ်နိုင်ငံ၏ (၇၄)နှစ်မြောက် အမျိုးသားနေ့နှင့် ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား အလုံးစုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (၂)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲကျင်းပ
ဗီယက်နမ်နိုင်ငံ၏ (၇၄)နှစ်မြောက် အမျိုးသားနေ့နှင့် ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား အလုံးစုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (၂)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီးတို့တက်ရောက်ကြသည်။