ဆီမီးခုံမြို့အနီးရှိ ဧရာဝတီမြစ်အတွင်း ငါးမျိုးကောင်ရေ ၁၂၁ သိန်း စိုက်ထည့်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှမြင်းခြံမြို့ခရိုင်၊ ဆီမီးခုံမြို့ အနီးရှိ ဧရာဝတီမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းအား စက်တင်ဘာလ (၁၈) ရက်၊ နံနက်  (၈:ဝ၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းလှမြို့နယ် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ တရားရေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ရွှေကျွန်းသာခန်းမ၌ ကျင်းပသည်။
စာသင်ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်ဖြင့် စာဖတ်စွမ်းရည်တိုးတတ် မြင့်မားလာစေရေးအတွက် ဆောင်ရွက်

ပုဇွန်တောင်  ၁၈ စက်တင်ဘာ 

သာသနာကို အများအကြည် ညိုပျက်အောင်ပြုမူသည့် ရဟန်းသာမဏေများကို စိစစ်အရေးယူသွားမည်
ဘာသာ၊ သာသနာကို အများအကြည်ညိုပျက်အောင်ပြုမူသည့် ရဟန်းသာမဏေများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့အဖြင့် ကျင်းပ 
နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၁၈ ရက် တတိယနေ့အဖြင့် ဆက်လက် ကျင်းပရာ ခင်းကျင်းပြသထားသော ကျောက်မျက်အတွဲများအား ပြည်တွင်း/ပြည်ပ ကျောက်မျက်ရတနာကုန်သည်များက ဝယ်ယူရန်အတွက် ကျောက်မျက်/ကျောက်စိမ်းအတွဲများကို လိုက်လံ ကြည့်ရှု စစ်ဆေးနေကြသည်။ 
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ နေရာ ၉ နေရာကို ဆေးလိပ်ငွေ့ကင်းစင်စေရန် ဆောင်ရွက်မည်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ နေရာ ၉ နေရာတွင် ဆေးလိပ်ငွေ့ကင်းစင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းပြုလုပ်
ကျောင်းသား ကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက နည်းစနစ်တကျ တုန့်ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။