ဘင်္ဂလားဒေ့ရှ်နိုင်ငံ မက်နာမြစ်အတွင်း လှေနစ်မြုပ်မှုတွင် သတို့သမီး အပါအဝင် မင်္ဂလာပွဲ တက်ရောက်သူ ခုနစ်ဦး ထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၁၅၈ ကီလိုမီတာအကွာ နိုအာခါလီခရိုင်ရှိ မြစ်တစ်စင်းတွင် သတို့သမီးအပါအဝင် မင်္ဂလာပွဲသို့ တက်ရောက်သူ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ချက်နိုင်ငံတွင် ခရစ္စမတ်အချိန်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်
ချက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် နိုင်ငံတစ်ဝန်းမှာ ခရစ္စမတ်ချိန်အတွင်း စားသောက်ဆိုင်တွေနဲ့ ဘားတွေအား ပိတ်ခိုင်းထားသလို ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ကြောင်း တနင်္လာနေ့က ပြောကြားပါတယ်။
နယ်သာလန် နိုင်ငံမှာ ခရစ္စမတ်အချိန် အပါအဝင် သီတင်း ၅ ပတ် အသွားအလာ ကန့်သတ်ထားမယ်လို့ ထုတ်ပြန်
နယ်သာလန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေပါ သီတင်း ၅ ပတ်ပိတ်ရန် ဝန်ကြီးချုပ် က တနင်္လာနေ့မှာ ညွှန်ကြားထားကြောင်း သိရပါတယ်။
ဉရောပ သမဂ္ဂ က ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား အသုံးပြုခွင့်ပေးရန် ဂျာမနီ တိုက်တွန်း
ဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု များနေတဲ့အတွက် ဉရောပသမဂ္ဂကနေ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး အသုံးပြုခွင့်ပေးရန်  တိုက်တွန်းထားကြောင်း ဒီနေ့(အင်္ဂါနေ့) ထုတ် သတင်းတွေအရ သိရပါတယ်။
အာဖဂန်နစ္စတန်တွင် ပစ်ခတ်မှုဖြစ်ပွား ရဲအရာရှိ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့အစောပိုင်းက ဒေသရုပ်သံလိုင်း တစ်ခုတွင် ဖော်ပြခဲ့သည်။
ဆရာ၊ ဆရာမတွေဟာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ဦးစားပေး ရရှိသူဖြစ်သင့်ကြောင်း UNICEF ပြောကြား
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ကျောင်းဆရာ၊ ဆရာမတွေဟာလည်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ဦးစားပေးရရှိသူများ အဖွဲ့မှာ ပါဝင်သင့်ကြောင်း ဒီနေ့ (အင်္ဂနေ့) မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
လန်ဒန်အား ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး အမြင့်ဆုံး စည်းမျဉ်းစည်းကမ်း အဆင့် ၃  အတွင်း ထည့်သွင်းကြောင်း သိရ
ဗြိတိန်ရဲ့ မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုနှုန်းဟာ မြင့်မားနေတဲ့အတွက် ဗုဒ္ဓဟူးနေ့ကစပြီး ရောဂါပိုး ထိန်းချုပ်ရေး အမြင့်ဆုံး စည်းမျဉ်းဖြစ်တဲ့ အဆင့် ၃ အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကျန်းမာရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားပါတယ်။